နှုတ်ခမ်းအရောင်နှင့်လိုက်ဖက်သော နှုတ်ခမ်းနီကို ဘယ်လိုရွေးချယ်မလဲ
25-Feb-2017
မိန်းကလေးအများစုက နှုတ်ခမ်းအနီရောင်ဆိုးရမှာ နှုတ်ခမ်းသား အရောင်နဲ့ မလိုက်ဖက်မှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။
လိမ္မော်ရောင်သမ်းသောအနီရောင်
သင်ဟာ ဝင်းဝါတဲ့ အသားအရေကို ပိုင်ဆိုင်ခဲ့တယ်ဆိုရင် သင်နဲ့ လိမ္မော်ရောင်သမ်းတဲ့ အနီရောင်နှုတ်ခမ်းနီကို ရွေးချယ်ရွေးယူပါ။ ဝင်းဝါတဲ့ သင့်အသားအရောင်မှာ လိမ္မော်ရောင်အောက်ခံ ရှိနေတာကြောင့် လိမ္မော်ရောင်သမ်းတဲ့ အနီရောင်နှုတ်ခမ်းနီနှင့် အသင့်တော်ဆုံးပါ။
အနီရောင်ရဲရဲ
နှုတ်ခမ်းနီအနီရဲရဲလေးဆိုးချင်ပေမယ့် သင့်အသားအရောင်က သိပ်မဖြူလို့ စိတ်မညစ်ပါနှင့်။ တကယ်တော့ အညိုဘက်သမ်းနေတဲ့ သင့်အသားရောင်မှာ အနီရောင်အောက်ခံရှိတာကြောင့် အနီရဲရဲ နှုတ်ခမ်းနီနှင့် လိုက်ဖက်ပါတယ်။
အနီရောင်ရင့်ရင့်
အညိုရောင်အသားအရေကို ပိုင်ဆိုင်ထားသူတွေရဲ့သဘာဝနှုတ်ခမ်းသားအောက်ခံအရောင်က ခရမ်းရောင်ဖြစ်တာကြောင့် အနီရောင်ရင့်ရင့် နှုတ်ခမ်းနီက သင့်ကိုဆွဲဆောင်မှု ပိုစေပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပန်းနွယ်လေး (ဆေးဝါးတက္ကသိုလ်)
Good Health Jurnal
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

